သတင်းများ

စေ့စပ်ဖြေရှင်းရေး မိတ်ဆက်အခမ်းအနား ကျင်းပခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်း  အခမ်းအနားကို (၂၆-၇-၂၀၂၂) ရက်နေ့ နံနက်(၈:၃၀)အချိန်တွင် ရခိုင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ရခိုင်ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ရခိုင်ပြည်နယ်တရားလွှတ်တော် စေ့စပ် ဖြေရှင်းရေးအရာရှိနှင့် ရခိုင်ပြည်နယ်အတွင်းရှိ တရားရေးအရာရှိများ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ၊ ဥပဒေအထောက်အကူပေးနေသော အရပ်ဖက် အဖွဲ့အစည်းများနှင့် တရားလွှတ်တော်ရှေ့နေများ တက်ရောက်ကြပါသည်။