တရားလွှတ်တော်

တရားသူကြီး ဒေါ်စောရွှေ

ဒေါ်စောရွှေ သည် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၁-၆-၂၀၂၃ နေ့တွင် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါသည်။ ဒေါ်စောရွှေ ကို ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၎င်းသည် ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပြီး၊ ၁၉၈၆ ခုနှစ်တွင် တရားရေးအရာရှိအဆင့်(၄)အဖြစ် တရားရေးဌာနတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူးအဆင့်အထိ စုစုပေါင်းလုပ်သက်(၃၇)နှစ်ခန့် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်စောရွှေ သည် အိမ်ထောင်ရှိသူ တစ်ဦးဖြစ်ပါသည်။