သတင်းများ

ရခိုင်ပြည်နယ်တရားလွှတ်တော်၊ တရားရုံးဝန်ထမ်းများ အရည်အချင်း မြှင့်တင်ရေး သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
Post Image Post Image Post Image

စစ်တွေ နိုဝင်ဘာ ၁၁
                ရခိုင်ပြည်နယ်တရားလွှတ်တော်၊ တရားရုံးဝန်ထမ်းများ အရည်အချင်း မြှင့်တင်ရေး သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ဖွင့်လှစ်သည့်အခမ်းအနားကို ၁၁-၁၁-၂၀၂၂ ရက်နေ့၊ နေ့လည် ၁း၀၀ နာရီအချိန်တွင် ရခိုင်ပြည်နယ်တရား လွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပရာ ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း ၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ် တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ နှင့် သင်တန်းသား / သင်တန်းသူ   (၂၀) ဦးတို့ တက်ရောက်ကြပါသည်။